Linux နှင့်ကျွန်တော် (အပိုင်း-၁)

Linux ကိုဘယ်လိုစသိခဲ့လည်း …

Linux ကိုဘယ်အချိန်ကစသိလဲဆိုရင် ၂၀၀၉ခုနှစ်လောက်က တက္ကသိုလ်တက်တဲ့အချိန်မှာ စာသင်ခန်းထဲမှာ ဆရာတွေပြောပြလို့သိခဲ့ရတယ်၊ သုံးဖူးဖို့နေနေသာ မြင်တောင်မမြင်ဖူးခဲ့ဖူး၊ အဲ့အချိန်က Lab ခန်းထဲမှာ Windows 2000, Windows XP တို့ windows Vista တို့သုံးနေကြတာ၊ Linux ဆိုတာ Operating System တစ်ခု Hacker တွေသုံးကြတယ် ဒီလိုပဲသိခဲ့ဖူးတာ၊ Hacker တွေသုံးတယ်ဆိုတော့ နည်းနည်းတော့စိတ်ဝင်စားခဲ့တယ်ပေါ့၊ ဘာမှသာမသိတာ Hacker တော့ဖြစ်ချင်သား :stuck_out_tongue_closed_eyes: ။

_config.yml

Ubuntu

ဒီလိုနဲ့ ငါးနှစ်လောက်အကြာ ကျောင်းပြန်တက်ရလို့ ကိုယ်ပိုင်ကွန်ပျူတာဝယ်နိုင်တဲ့အချိန်မှာ Linux distro တစ်ခုဖြစ်တဲ့ Ubuntu ကိုစမ်းသုံးကြည့်လိုက်တယ်၊ မသုံးကြည့်ရသေးခင် စာအုပ်တွေဖတ်ပြီး VM wareနဲ့စမ်းတယ်၊ အဲ့အချိန်က Ubuntu 14.4 ဖြစ်လိမ့်မယ်၊ Ubuntu တင်ပြီးတစ်ခုသဘောကျသွားတာက windows 7 လို drivers တွေအကုန်မတင်ရဘူး၊ သူ့ဟာသူ driver တော်တော်များများပါပြီးသား တစ်ခုရှိတာက သူအတွက် software တွေက download ရဝာာ၊ windows အတွက်ဆို အခွေဝယ်ပြီးတင်လိုက်လို့ရတယ်၊ အဲ့အချိန်က Internet ကလည်းကောင်းသေးတာမဟုတ်ဖူး၊ GUI ပါပေမဲ့ Terminal မှာ command တွေရိုက်ပြီး install လုပ် update လုပ်နေရတာလည်း windows GUI နဲ့ ရင်းနှီးနေတဲ့ကိုယ့်အတွက်သက်တောင့်သက်သာမဖြစ်ဘူး၊ နောက်ပြီးတော့ windows ကိုလည်း သံယောဇဉ်မပြတ် ubuntu လည်းသုံးချင်တော့ windows 7 နဲ့ dual boot တင်ပြီးသုံးတယ်၊ ၊ ကွန်ပျူတာက boot စတက်လာရင် windows နဲ့ ubuntu ကိုရွေးပေးရတယ်၊ တစ်ပတ်လောက်သုံးပြီးတော့ အဲ့လိုရွေးရဝာာကို နောက်စိတ်မရှည်တော့ windows ပဲသုံးတော့မယ်ဆိုပြီး ubuntu ကိုဖျက်ဖို့လုပ်တယ်၊ ဉာဏ်ကောင်းစွာနဲ့ ubuntu တင်ထားတဲ့ partation အပိုင်းကို ဖျက်ပစ်လိုက်တယ် windows ပါတက်မလာတော့ဘူး၊ ဘာလို့လဲဆိုတာ့ windows ရဲ့ boot loader ကိုဖျက်ပြီး ubuntu ရဲ့ boot loader ကနေboot တက်ပေးနေတာ၊ အဲ့တာကိုဖျက်လိုက်တော့ boot တက်မလာတော့ဘူး၊ :grin: windows ကို အစအဆုံးပြန်တင်လိုက်ရတယ်၊ အဲ့အချိန်က စပြီးတော့ Linux ကိုလမ်းခွဲလိုက်တယ်။

_config.yml

CentOS

ဒီလိုနဲ့ ကျောင်းနောက်ဆုံးနှစ်မှာ cloud computing သင်ရတော့ cluster တွေဆောက်ကြရတယ်၊ အဲ့မှာ နောက်ထပ် Linux distro တစ်ခုဖြစ်တဲ့ CentOS ကိုသုံးပြီး VMware ထဲမှာ clone တွေနဲ့ cluster တွေဆောက်ရတယ်၊ MPI တွေထည့်ပြီး cloud computing လုပ်ရတယ်၊ ဒီလိုနဲ့ Linux နဲ့တစ်ခါပြန်ဆုံရတော့တာပဲ :grin: ။

_config.yml

ဆက်ရန်
Written on January 7, 2020