What is Programming?

Programming ဆိုတာဘာလဲကစကြရအောင် :grin:

Programming ဆိုတာ ကွန်ပျူတာကိုခိုင်းစေလို့ရအောင်ပြုလုပ်ပေးတဲ့ (instructions)ညွန်ကြားချက်လေးတွေပါတဲ့ (program)ညွန်ကြားချက်အစုအဝေးကြီးတစ်ခု ကိုရေးသားတာပဲဖြစ်ပါတယ်၊ ဘယ်လိုရေးသားမလဲဆိုရင်တော့ ကွန်ပျူတာနားလည်တဲ့ ဘာသာစကားတွေ(programming languages)ကိုအသုံးပြုရမှာပဲဖြစ်ပါတယ်၊

ကွန်ပျူတာဆိုတာ အလုပ်လုပ်တဲ့နေရာမှာအရမ်းမြန်တဲ့ စက်ပစ္စည်းတစ်ခုဖြစ်ပါတယ်၊ ဒါပေမဲ့ သူကိုယ်တိုင် ဘာမှမလုပ်တက်ပါဘူး :stuck_out_tongue_closed_eyes:

ကွန်ပျူတာကို ကျွန်တော်တို့လုပ်ခိုင်းစေချင်တဲ့ အတိုင်းလုပ်တက်အောင် ကွန်ပျူတာကနားလည်တဲ့ဘာသာစကားတွေကိုအသုံးပြုပြီး ညွှန်ကြားချက်လေးတွေရေးပေးရပါတယ်၊ ညွန်ကြားချက်လေးတွေကိုစုစည်းပြီး ညွန်ကြားချက်အစုအဝေးကြီးတစ်ခုအနေနဲ့ ကွန်ပျူတာကိုခိုင်းစေရပါတယ်၊ ဒီလိုရေးသားခိုင်းစေမှသာလျှင် ကွန်ပျူတာက အလုပ်လုပ်သွားမှာပဲဖြစ်ပါတယ်။

_config.yml

Written on January 7, 2021